နမ္မတူ ဇွန် ၂၅
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စု အတွင်းရှိ မီးဘေးသင့် ပျက်စီးခဲ့သည့် လူနေအိမ် (၅၀)လုံးအတွက် ပြန်လည်ထူထောင်နိုင်ရေး ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ မီးဘေးသင့်ပျက်စီးခဲ့သည့်နေအိမ်များအား ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် တာဝန်ရှိသူများက မီးဘေးသင့်ပျက်စီးခဲ့သည့် လူနေအိမ် (၅၀)လုံးအတွက် ပြန်လည်ထူထောင်နိုင်ရေးထောက်ပံ့ငွေ တစ်အိမ်လျှင် ငွေကျပ် (၂)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း (၁၀၀)ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်သို့ အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အလားတူ ကျန်ရှိသည့် နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စုအတွင်းရှိ မီးဘေးသင့် ပျက်စီးခဲ့ သည့်နေအိမ် (၆၅)လုံးအတွက် ပြန်လည်ထူထောင်နိုင်ရေးထောက်ပံ့ငွေ တစ်အိမ်လျှင် ငွေကျပ် (၂)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၁၃၀)ကျပ်အား ဇွန်လ (၂၇)ရက်နေ့တွင် ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
လူမော် (ပြန်/ဆက်)