မိုးကောင်း ဇွန် ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် (၁၀) နာရီခွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေ ရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူဘိမ်းဖြူကဗျာနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို ဖော်ကျူးထားသည့် ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)