မလှိုင် ၊ ဇွန်၂၅
၂ဝ၂၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင်ကြရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့က မလှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဆွေဆွေမြင့်နှင့် ဝန်ထမ်းများက အ.ထ.ကမြို့သစ် နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွား ရောက်၍ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ကျောင်းသား/သူ လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ် နှင့် ဆိုးကျိုးများကိုသိရှိပြီး ရှောင်ရှားနိုင်စေရန် ရည်ရွယ် ၍ စာသင်ကျောင်းများကို ဦးစားပေးဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည် ။အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင်မူးယစ် ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြ ဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ် ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေး စွဲသူ ဖေးမကူ စသည့် အကြောင်းအရာများ ကဗျာ ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ ပါဝင်ပြီး သတင်းစကား လက်ကမ်း စာစောင်ကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှတာဝန်ခံထုတ်ဝေခဲ့ခြင်းဖြစ်သည်။
အောင်ဌေး(မလှိုင်)