မလှိုင်မြို့၌ မဟာသမယ သုတ္တန် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မလှိုင်၊  ဇွန်၂၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ကပ်ဘေးရောဂါကင်းရှင်း၍ ကျန်းမာချမ်းသာခြင်း၊ စီးပွား ဥစ္စာ ကျက်သရေ မင်္ဂလာတိုးပွားပြီး သာယာ၀ပြောစေရန် ရည်ရွယ်၍ မြို့ပေါ်ကျောင်းတိုက်များမှဆရာတော် အရှင်သူမြတ် များက (နယုန်လပြည့်နေ့) ယမန်နေ့ နံနက် ၅ နာရီ အချိန်က မလှိုင်မြို့ရွှေမုဌောဘုရား အာရုံခံတန်ဆောင်းအတွင်း၌ မဟာသမယ သုတ္တန် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာပင့်သံဃာတော် (၁၇ )ပါးတို့အား အာရုဏ်ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို နမော တဿသုံး ကြိမ်ရွတ်ဆိုဖွင့်လှစ်ပေးခဲ့သည်။  ယင်းနောက်  မိုးကောင်းကျောင်းဆရာတော်ဘဒ္ဒန္တကဿဖ ( တိုင်းဝန် ဆောင်ဆရာတော်) ထံမှ ငါးပါးသီလဆောက်တည်ခဲ့ကြသည်။  ထို့နောက် မြို့နယ်သံဃနာယက ဥက္ကဋ္ဌမင်းကျောင်း ဆရာတော်ဘဒ္ဒန္တမာဃိန္ဒက မဟာသမယသုတ္တန်(၇)သုတ်ချီးမြင့်ပူဇော်ရခြင်းသြဝါဒကထာကိုမိန့်ကြားတော်မူပြီး ကြွ ရောက်တော်မူလာကြသည့်ပင့်သံဃာတော်တို့က သမန္တာနိဒါန်းမှစ၍ မဟာသမယသုတ် ကို အစဉ်တိုင်း ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။

ယင်းနောက် သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်ဇနီး ဒေါ်ခင်မာချို (ကထိက၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်) သမီး မသွန်း၀တီစိုး မိသားစု နှင့်အလှူရှင်များက  နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မိုးကောင်း ကျောင်းဆရာတော်ထံမှရေစက်ချတရားနာယူကာအမျှအတန်းများ ပေးဝေခဲ့ ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)