မိတ္ထီလာ၌ သံဃာတော် ၂ ပါးနှင့် အမျိုးသား ၁ ဦးတွင် ကိုဗစ်၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိ

မိတ္ထီလာ ဇွန် ၂၅

 မိတ္ထီလာမြို့၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က သံဃာတော် ၂ ပါး နှင့် အမျိုးသား ၁ ဦးတို့တွင် အနံ့ပျောက်၊ အနံ့မရ ဖြစ်နေ၍ Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း  သိရသည်။

 ဖြစ်စဉ်မှာ နန်းတော်ကုန်းရပ်ကွက် သဒ္ဓမ္မာဝံသာရုံစာသင်တိုက်ရှိ သံဃာတော် ၂ ပါး နှင့် ဘုန်းကြီး ကျောင်းသား ၁ ဦး တို့တွင် အနံ့ပျောက် အနံ့မရ ဖြစ်နေ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့သည်။ ဆက်သွယ်အကြောင်းကြားမှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့်  မျိုးဆက်သစ်မြတ်ပါရမီ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက အဆိုပါ အနံ့ပျောက် အနံ့မရသူများအား Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ ၎င်းတို့တွင် ကိုဗစ် ၁၉ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများကို မိတ္ထီလာပြည်သူ့ဆေးရုံကြီး အထူးကုသဆောင်တွင် သီးသန့်ထားရှိပြီး ကျန်းမာရေး  စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

ချမ်းသာ