ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်

ဇမ္ဗူသီရိ   ဇွန်   ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက တဲကြီးကုန်း ကျေးရွာအုပ်စု တဲကြီးကုန်းကျေးရွာ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးက “ပန်းခင်းစီမံချက်” ဖြင့် တဲကြီးကုန်းကျေးရွာအတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက် (၁၆) နှစ်အထက်နှင့် အသက် (၁၈) နှစ်အထက် လူဦးရေ (၄၁) ဦးနှင့် အိမ်ထောင်စုလူဦးရေးစာရင်း (၅၇) စုတို့ကို ဇွန်လ (၂၂) ရက်နေ့မှစတင်ကာ (၂၄) ရက်နေ့အထိ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသော မြို့နယ် အတွင်းရှိ ကျေးရွာများမှ ပြည်သူများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)