အင်းစိန်မြို့နယ် အ.ထ.က(၂)ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

ရန်ကုန်          ဇွန်               ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က အ.ထ.က(၂)ကျောင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်း စိန်) ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်နှင့်ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများထံ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြပြီး အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေး အန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မုံရွာဝင်းဖေ ရေးသားသည့် ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာနှင့် အသိပညာပေး ကာတွန်း စသည့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ ပါဝင်ပြီး အချိန်တိုအတွင်း လေ့လာဖတ်ရှုနိုင်ရန် ရေးသား ဖော်ပြထားကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)