ကွမ်းခြံကုန်းမြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစာင်များ ဖြန့်ဝေ

ကွမ်းခြံကုန်း ဇွန် ၂၄

၂၀၂၁-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများနှင့် လူစည်းကားရာ ဈေး၊ ကားဂိတ်နှင့် သင်္ဘောဆိပ်များသို့ ယနေ့နံနက်(၉:၀၀)နာရီက သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ အန္တရာယ် တားဆီးကာ ကွယ်ရေးလုပ်ငန်းများ ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊  မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မုံရွာဝင်းဖေရေးသားသည့် ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာ နှင့်အသိပညာ ပေးကာတွန်းတို့ ပါဝင်ကြောင်း သိရသည်။