မိုင်းပန် ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊မိုင်းပန်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများကဌာနဆိုင်ရာ ဝန်ထမ်းများ အခြေခံပညာ ကျောင်းသားကျောင်းသူများနှင့် အများပြည်သူများ လက်ဝယ်သို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူဘိန်းဖြူ ကဗျာ၊ မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူစသည့် ဆောင်ပုဒ်များပါဝင်ပြီး မူးယစ်ဆေးဝါး အန္တရာယ်ကိုသိရှိနိုင်စေရန်၊ ကာကွယ်နိုင်စေရန် ရည်ရွယ်ချက်များဖော်ပြပါရှိသည်။
မြို့နယ်(ပြန်/ဆက်)