သန်လျင် ဇွန် ၂၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များပူးပေါင်း၍ စာဖတ်ခြင်းအလေ့အထများ စဉ်ဆက်မပြက်ရရှိစေရေးနှင့် စယပေဗဟုတများတိုးပွားစေရေးတို့အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်လှပိုမိုက စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များအတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး စာပေဝါသနာရှင်များက အမျိုးသားစာပေဆုရ စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားသော ``ပန်းလိုချင် အပင်ကိုပျိုးတက်မှ” စာအုပ်ပါ ကိုယ်ကျင့်ကောင်း၍ စိတ်ကောင်းရှိပါစေ၊ အနစ်နာခံ၍ ကူညီတက်ပါစေ၊ သုတစာပေ ဖတ်ပါစေနှင့် အရမ်းပြင်လျင် အယဉ်ပျက်သည် ခေါင်းစဉ်ပါ စာပေများအား ဖတ်ရှုကြကာ စာဖတ်ဝိုင်းတက်ရောက်လာသူများက ဖတ်ရှုပြီး အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေဝါသနာရှင်များအတွက် ခရိုင်ပြည်သူ့စာကြည့်တိုက်၌ သုတ စာအုပ် ၈၀၈၅ အုပ်၊ ရသစာအုပ်များဖြစ်သော ဝတ္တု ၁၀၅၁ အုပ်၊ မဂ္ဂဇင်း ၁၆၈၆ အုပ်၊ ဂျာနယ် ၃၁၇၄ စောင်နှင့် ကလေးများအတွက် ရုပ်ပြ ၁၀၅၈ အုပ်တို့အား ထားရှိပြီး အဆိုပါ စာအုပ်၊ စာစောင်များအား အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအချိန်အထိ စာကြည့်တိုက်သို့လာရောက်ကာ မည်သူမဆို အခမဲ့ ဖတ်ရှုဌားရမ်းနိုင်ကြောင်း သိရသည်။