ခရမ်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ခရမ်း    ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် မြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာ ကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ စာရေးဆရာ မုံရွာဝင်ဖေရေးသားသည့် ကမ္ဘာ့ရန်သူဘိန်းဖြူ ကဗျာ၊ အသိပညာပေးကာတွန်းတို့ဖြင့် မူးဆေးဝါးအန္တရာယ် ကြီး မားပုံများကို စာဖတ်သူများ အချိန်တိုအတွင်း   ဖတ်ရှုလေ့လာသိရှိနိုင်စေရန် ရေးသားဖော်ပြထားကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )