ပင်းတယ ဇွန် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ၂၀၂၁ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်” သတင်းစကားလက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရှိစာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်တွင် “မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ စသည့် အကြောင်းအရာများနှင့် ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံ၊ ဆောင်ပုဒ်တို့ ဖော်ပြပါရှိကြောင်းလည်း သိရသည်။
ပင်းတယ( ပြန်/ဆက်)