မန္တလေး ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှူဖြင့် မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များနှင့် သီလရှင်ကျောင်းများရှိ သီလရှင်များကို နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းလျှက်ရှိရာ ယနေ့နံနက် (၉)နာရီတွင် မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ် ရပ်ကွက်ရှိ ဗောဓိပင်ကျောင်းတိုက်မှ ဆရာတော် သံဃာတော် များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်တို့ ပေါင်းစပ်ကာ နေ့ဆွမ်းဆပ်ကပ်ခဲ့ကြောင်း သိရှိရသည်။
ဗောဓိပင်ကျောင်းတိုက်ရှိ သံဃာတော်ဆရာတော်များ နေ့ဆွမ်းဆပ်ကပ်လှူရာသို့ ဗန်းမော်ကျောင်းတိုက်၊ စီးတော်မြင်းဝန်ကျောင်းတိုက်၊ မဟာဗောဓိပရိယတ္တိစာသင်တိုက်တို့မှ ပင့်သံဃာတော်များ၊ ဗောဓိပင်ကျောင်းတိုက်မှ ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦး၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ဆွေလွင်အောင်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၁၁၁)ဆက်သွယ်ရေးတပ်မှ ဗိုလ်မှူး ကျော်စံဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက ဗောဓိပင်ကျောင်းတိုက်ဆရာတော် ဦးပဝရ ထံမှ ငါးပါးသီလ ခံယူတော်မူကာ လှူဘွယ်ပစ္စည်းများ ဆပ်ကပ်လှူးဒါန်းရာ ဆရာတော်မှ ရေစက်ချတရားတော်ကို ဟောကြားတော်မူသည်။ ဆက်လက်ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများကို တစ်ပတ်လျှင် တစ်ကျောင်းဖြင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းလျှက်ရှိရာ ယခုအပတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဗောဓိပင်ကျောင်း တိုက်အတွင်းရှိ မဟာဗောဓိညောင်ပင်တွင် (၁၅)ကြိမ်မြောက် မဟာသမယသုတ် ရွတ်ဖတ်ပူဇော်ပွဲမှ ဆွမ်းအလှူရှင်တို့ ပေါင်းစပ်ကာ ဗန်းမော်ကျောင်းတိုက်၊ စီးတော်မြင်းဝန်ကျောင်းတိုက်၊ မဟာဗောဓိပရိယတ္တိစာသင်တိုက်နှင့် ဗောဓိပင်ကျောင်းတိုက်မှ ဆရာတော် သံဃာတော်အပါး (၆၀)ကျော်အား နေ့ဆွမ်း ဆပ်ကပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်