ကွမ်းခြံကုန်းမြို့နယ်ရုံး၌ ၂၀၂၁ ခုနှစ်မိုးစပါးစရိတ်ချေးငွေများ ထုတ်ပေး

ကွမ်းခြံကုန်း   ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၁-ခုနှစ်မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက်(၁၀)နာရီက ကွမ်းခြံကုန်း၊  မြို့နယ်မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်၌ ဆူးကလပ်အုပ်စု တောင်သူများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌  ၂၀၂၁ ခုနှစ်အတွက် မိုးစပါးချေးငွေတစ်ဧကလျှင်(၁)သိန်းခွဲနှုန်းဖြင့် စပါးစိုက်ဧက ၄၀၀၀ ဧကအတွက်  သိန်းပေါင်း ခြောက်သောင်းကျော်ထုတ်ချေးပေးရန်  လျာထား ကြောင်းနှင့် ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ဘဏ်ချေးငွေ အကျေဆပ်ပြီးသည့်  တောင်သူများကို ၂၀၂၁ မေလ( ၂၇ ) ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိပြီး  စက်တင်ဘာလကုန်ရက် အထိ ထုတ်ချေး ပေး သွား မည်ဖြစ်ကြောင်းသိရသည်။

မိုးစပါးစိုက်ပျိုးစရိတ်  ထုတ်ချေးပေးခြင်းကို ကွမ်းခြံကုန်းမြို့နယ်၊   မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ မေ(၂၇)ရက်နေ့မှစ၍ချေးပေးရာ ယနေ့အထိ မြို့မရပ်ကွက်၊ တောကျောင်းကျေးရွာ၊ ပီလခတ်ကျေးရွာ၊ ဆူးကလပ်ကျေးရွာ၊ ရပ်ကွက်(၁)ရပ်ကွက်နှင့်ကျေးရွာ (၃)အုပ်စုတောင်သူဦးရေ (၁၆၅)ဦး၏ (၁၁၉၉)ဧကအတွက် စပါးချေးငွေ (၁၇၉၈ .၅၀) သိန်းကိုထုတ်ချေးပြီးကြောင်း  မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)