ဒဂုံတောင် ဇွန် ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင်၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို ယနေ့နံနက်၉ နာရီ မိနစ်၃၀ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တာဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ ဆိုးကျိုးများ ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ် အကြောင်း၊ မုံရွာဝင်းဖေ ရေးသားသည့် ကမ္ဘာ့ရန်သူဘိန်းဖြူကဗျာနှင့် အသိပညာပေး ကာတွန်းတို့ ပါဝင်ခဲ့ပြီး ယခုခေတ် လူငယ်များအခြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသော မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်း အစရှိသည့်တို့ ပါဝင်သည့်အတွက် လူငယ်လူရွယ်များအတွက် အသိပညာနှင့် ဗဟုသုတများစွာလည်း ရရှိနိုင်မည်ဖြစ်သည်။
ထို့သို့ သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ စာငှားစာဖတ် ပရိတ်သတ်များ၊ စာသင်ကျောင်းများ၊ ကားဂိတ်၊ ဆိုက်ကားဂိတ်များတွင်လည်း ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်