ချောင်းဆုံ ဇွန် ၂၄
မော်လမြိုင်ခရိုင် ၊ ချောင်းဆုံမြို့နယ်တွင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင် ပြည်နယ် လူမူဝန်ထမ်း ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဖြူဖြူငြိမ်း နှင့် မြို့နယ်အဆင့် အမျိုးသမီးကော်မတီဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလွင်က အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ၊ နည်းမျိုးစုံဖြင့် အကြမ်းဖက် ခံနေရသော အမျိုးသမီးများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်း ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားပြီး ၊ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဖြူဖြူငြိမ်းက လူမှုဝန်ထမ်း ဦးစီးဌာန၏ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များဖြစ်ကြသော ခေတ္တမြို့နယ် ရဲ တပ်ဖွဲ့မှူး ၊ မြို့နယ်ပညာရေးမှူးနှင့် ရွှေကျွန်းသာ လူမှုကွန်ယက်တို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများအား အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)