ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေညာ

ပန်းဘဲတန်း ဩဂုတ် ၁၁

ပန်းဘဲတန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဩဂုတ်လ (၉)ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာန Online Website များတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ အခြေခံပညာ အထက်တန်း ကျောင်းများတွင် တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြားစီ တန်းကြည့်ရှုနိုင် ရေးတို့ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များ အတိုင်း ဆောင်ရွက်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ ကျန်းမာရေး စည်းကမ်း ချက်များနှင့်အညီ လာရောက်ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Online Website မှ ကြည့်ရှုသူ များပြား သည့်အတွက် မိမိတို့ ကျောင်းတွင် ကြေညာထားသော အောင်စာရင်းများအား ကြည့်ရှုသူနည်းပါး ကြောင်း အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း တာဝန်ခံ ဆရာမ ဒေါ်သန္တာဦးထံမှ သိရှိရ သည်။

နေခြည်(ပြန်/ဆက်)