ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် သဘာဝဘေးဒဏ်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလန်စိုပြေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် တောင်ဥက္ကလာပမြို့နယ် အမှတ်(၇)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်ရန်အတွက် မဟော်ဂနီပင်၊ ရေတမာပင်နှင့်ခရေပင်များ စုစုပေါင်းအပင် ( ၂၀၀ ) ကျော်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း