တုံတာမြို့တွင် မိခင်များ‌ထောက်ပံ့ရေး အာဟာရဆိုင်ရာသင်တန်း ဖွင့်လှစ်

တုံတာ    ဇွန်   ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့တွင် မိခင်များထောက်ပံ့ရေး အာဟာရဆိုင်ရာ သင်တန်းကို တုံတာမြို့၊ ပန်နောင်လုံကျေးရွာအုပ်စု၊ ပန်နောင်လုံကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင်  ယမန်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရာတွင် ကျိုင်းတုံမြို့၊ Malteser မှ မြို့နယ်တာဝန်ခံ ဒေါက်တာသက်စု အောင် ဦးဆောင်သော အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက်နှစ်နှစ် အောက်ကလေးငယ်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ အစာအုပ်စု(၃)စုမှ ပြည်စုံမှန်ကန်စွာ နေထိုင်စားသောက်ပုံများ၊ နည်းမှန်လမ်းမှန်ဖြင့်ကျန်းမာ‌ရေးစောင့်ရှောက်မှုများ၊ ကျေးရွာသူ၊ကျေးရွာသားများအချင်းချင်း ကျန်းမာရေးဗဟုသုတများလက်ဆင့်ကမ်း ဝေမျှနိုင်စေရန် အဓိကထား၍ သင်တန်းပို့ချရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သင်တန်းတွင် အမျိုးသား(၆)ဦး၊ အမျိုးသမီး(၁၂)ဦး၊ စုစု‌ပေါင်း (၁၈)ဦးတက်ရောက်ခဲ့ပြီး အဆိုပါ သင်တန်းတက်ရောက်သူ (၁၈)ဦးသည် ပန်နောင်လုံကျေးရွာအုပ်စုမှ ကျေးရွာ၏ ကျန်းမာရေး လိုအပ်ချက်များကို ဆောင်ရွက်နိုင်စေရန် စေတနာ့ဝန်ထမ်းအဖြစ် ရွေးချယ်တက်ရောက်စေခဲ့ခြင်း ဖြစ်ကြောင်းနှင့် သင်တန်းကာလကို ဇွန်လ ၂၃ရက်နေ့မှ ၂၅ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။

လှိုင်လှိုင်ငြိမ်း