မိတ္ထီလာတွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မိတ္ထီလာ ဇွန် ၂၄

မိတ္ထီလာမြို့ အထက(၂)ရှိ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများထံသို့ ၂ဝ၂၁ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်၈နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အထက(၂) ရှိ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများထံသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းရီ နှင့်ဝန်ထမ်းများက သွားရောက်ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။ ၎င်း သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း ၊ မူးယစ်အန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်း၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ ၊မူးယစ်ဆေးစွဲသူ ဖေးမကူ၊  အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့   ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက်စသော ဆောင်းပါးကောက်နုတ်ချက်များ၊ ကာတွန်း၊ ကဗျာနှင့် အသိပညာပေးအကြောင်းအရာများ  ပါဝင်ကြောင်းသိရသည်။

ချမ်းသာ