ညောင်ဦး ဇွန် ၂၄
မန္တလေးတိုင်းဒသကြီး ညောင်ဦးမြို့နယ် သောက်ရေရှားပါးသည့် ရွာသစ်တောင် ကျေးရွာသို့ သောက်ရေသွားရောက်လှူဒါန်းခြင်းအား ယနေ့နံနက် ၉နာရီအချိန်က အေးမေတ္တာ သောက်ရေအလှူတော်အသင်းမှ ရေဂါလံ ၁၂၀၀သွားရာက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ သောက်ရေရှားပါးသည့် ရွာသစ်တောင်ကျေးရွာသည် စက်ရေတွင်းရှိသော်လည်း စက်ရေတွင်းမှထွက်ရှိသည့်ရေသည် သောက်သုံး၍မရပဲ ထုံးဓာတ်များကာ ရေငံနေ ခြင်းကြောင့် ၊ မသောက်သုံးကြပဲ သောက်ရေအလှူရှင်များ လှူဒါန်းသည့်ရေကိုသာ မှီခိုအား ထားနကြကြောင်း ရွာသစ်တောင်ကျေးရွာ ထန်းတောင်သူ ဦးမြမောင်ကရှင်းပြသည်။ စက်ရေတွင်းက ရေကို ၊ တိရစ္ဆာန်နှင့်ချိုးရေအတွက်သာ သုံးကြကြောင်း၊ ထမင်းဟင်းချက်၍ပင်မရပဲ ချက်လျှင်လဲ အထားမခံပဲ ပျက်စီးလွယ်ခြင်းများကြာင့် သောက်ရေလှူဒါန်းသူများကို သာမျှော်ပြီး သုံးစွဲနေရကြာင်း သိရသည်။ ရွာသစ်တောင်ကျေးရွာသည် ညောင်ဦးမြို့နှင့် မိုင် ၂၀ခန့်ကွာဝေးပြီး၊ အိမ်ခြေ ၁၃၀ ခန့်၊ လူဦးရေ ၆၀၀ကျော်နေထိုင်သည့်ကျေးရွာဖြစ်ပြီး မြန်မာပြည်အရပ်ရပ်က ရေအလှူရှင်းများ လှူဒါန်းသည့်ရေကိုသာ မှီခိုအားထား နေရကြောင်းသိရကာ သောက်သုံးရေ လှူဒါန်းလိုပါကလည်း အေးမေတ္တာ သောက်ရေအလှူ တော်အသင်းနှင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
ကိုထိန်၊KPD