အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

 

ဆီဆိုင်             ဇွန်   ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နံနက်ပိုင်းတွင် ဖြန့်ဝေပေးခဲ့သည်။

လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် “သတင်းစကားလက်ကမ်းစာစောင်”ပါ   မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြင်ဖွယ်အချက်များ၊ မုံရွာဝင်းဖေရေးသားသည့် ကမ္ဘာ့ရန်သူဘိန်းဖြူကဗျာ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ စသည့်အကြောင်းအရာများ ပါဝင်သည့် လက်ကမ်းစာစောင်များအား  ဌာနဆိုင်ရာဝန်ထမ်းများ၊ လမ်းသွားလမ်းလာပြည်သူများ၊ ပျံကျဈေးသည် များ၊ သုံးဘီးမောင်းသူများထံသို့ သွားရောက်၍  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)