မိုင်းရယ် ဇွန် ၂၄
မိုင်းရယ်မြို့၊ မြို့မဈေးကြီး မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦစိုးမိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာ ရေးဌာန အမှုဆောင်အရာရှိ ဦးသိန်းစိုးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့က မြို့ဈေးကြီး အတွင်းရှိ ဆိုင်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ဆေးရေးအဖွဲ့သည် ဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကတ်များပြင်ဆင်ထားရှိမှု၊ မီးငြိမ်းသတ်ရန်နှင့်သုံးစွဲရန် ရေကန်တွင်း ရေဖြည့်တင်း ထားရှိမှုအားလည်းကောင်း၊ လျှပ်စစ်မီးအန္တရာယ်မရှိစေရန်အတွက် မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးထွန်းလှဆောင်းက ဆိုင်ခန်းများရှိ မီတာဘောက်များ စနစ်တကျသုံးစွဲထားမှု ရှိ၊မရှိ ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက် ဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။
မိုင်းရယ်( ပြန်/ဆက်)