ကျောက်ဖြူ ဇွန် ၂၄
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက် ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာနေရာများနှင့် စာသင်ကျောင်းများသို့သွား ရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါ်ခင်ယုယုနွယ် ဦးဆောင်သည့်ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော လမ်းဆုံ၊ လမ်းခွနေရာများနှင့် အလယ်ပိုင်းရပ်ကွက်ရှိ အ-ထ-က(ခွဲ)မြို့မကျောင်းသို့သွားရောက်ကာ ပညာလေ့လာ ဆည်းပူးသင်ယူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဈေးသွား၊ဈေးပြန်များ၊ အငှား ယာဉ်မောင်းနှင်နေသူများနှင့် လမ်းသွား၊လမ်းလာပြည်သူများထံသို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အဆိုပါ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင် များကို ဖြန့်ဝေပေး ခဲ့ကြသည်။
လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေး ဝါးပြသနာ များကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ်နှင့် ပညာပေး ကာတွန်းများ၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာများ စသည့် အသိပညာပေးများထည့်သွင်း ဖေါ်ပြပါ ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း