"ကျန်းမာဘေးကင်းလုံခြုံသော ရပ်ရွာလူထုဖြစ်လာစေရန်အတွက် ရှေ့တန်းမှဆောင်ရွက်မည့် သူများအား အားဖြည့်မြှင့်တင်ပေးခြင်းလုပ်ငန်းများ" အသိပေး‌‌ဆွေးနွေးခြင်း အခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၂၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနမှ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင်‌ အကောင်အထည်ဖော်ဆောင်ရွက်မည့် "ကျန်းမာဘေးကင်းလုံခြုံသော ရပ်ရွာလူထုဖြစ်လာစေရန်အတွက် ရှေ့တန်းမှ ဆောင်ရွက်မည့်သူများအား အားဖြည့်မြှင့်တင်ပေးခြင်း စီမံချက်လုပ်ငန်းများ "အသိပေး‌‌ဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီရုံး၊ ဂရုဏာခန်းမ၌ ကျင်းပခဲ့ပါသည်။

ကူးစက်ရောဂါဖြစ်ပွားနိုင်ခြေများသည့် နေရာများတွင် ကျန်းမာရေးကြိုတင်ပြင်ဆင်မှု၊ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကူးစက်ရောဂါဖြစ်ပွားမှုများအား သင့်လျော်သော အချိန်မီတုံ့ပြန်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာ စေရန်ရည်ရွယ်ကာ စီမံချက်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းကို ဦးတင်ကိုကို တိုင်းဦးစီးမှူး(ဒုတိယတန်း)အုပ်ချုပ်ရေး၏ ပြောပြချက်အရ သိရပါသည်။

အဆိုပါဆွေးနွေးပွဲသို့ အသင်းဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင် တက်ရောက်ခဲ့ပြီး စီမံချက်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။ စီမံချက်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဩစတေးလျနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။

စန္ဒာမိုး