နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပရဟိတဂေဟာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ပျဉ်းမနား ဇွန် ၂၄

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်၊ သာသနာရေးဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ ပျဉ်းမနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်း၊ ပျဉ်းမနားမြို့၊ ကုတင်(၂၀၀)ဆံ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်မြင့်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့၊ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး) အခြေခံပညာမူလတန်းကျောင်း (ပန်းပဲစု၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) အခြေခံပညာမူလတန်းကျောင်း (ပန်းပဲစု) လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု မြတ်ဆုမွန်ပရဟိတကျောင်းနှင့်  အခြေခံပညာ မူလတန်းကျောင်း (စက်ရုံ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဘာသာ ရပ်ဆိုင်ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းမှန်မှန်တက်၍ စာကြိုးစားသွားရန်၊ ယဉ်ကျေးလိမ္မာပြီး မိဘ၊ ဆရာ စကားကို နားထောင်ရန်၊ ကျန်းမားရေးကို အထူးဂရုစိုက်ကြရန်ကျောင်းတက်သည့်အခါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းမျဉ်း၊ စည်းကမ်းများကို စနစ်တကျလိုက်နာကျင့်သုံးကြရမည်ဖြစ်ကြောင်းနှင့် လက်ဆေးကန်များ၊ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုများ၊ ပရဟိတဂေဟာတွင် ကျောင်းသား၊ ကျောင်းသူများ ညအိပ်သည့်အခါ တစ်ဦးကို ခြောက်ပေခြားအိပ်ရန်နှင့် ချက်ပြုတ်ရာတွင်လည်း သန့်ရှင်းရေးကို အထူးဂရုစိုက်ရန်ပြောကြားပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများက ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်များအတွင်း လှည့်လည်ကြည့်ရှု၍ ကျောင်းဆေးပေးခန်း၊ ကျောင်းစာကြည့်တိုက်၊ လက်ဆေးကန်များ ထားရှိမှုများနှင့် သင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

စိုးမိုးအောင်