ကျောက်တံတား ဩဂုတ် ၁၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မိုးရာသီကာလအတွင်း ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေးလွန် တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့် အခြားရောဂါများ မဖြစ်ပွားစေရေးတို့ အတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကျောက်တံတားမြို့နယ်၊ အမှတ်(၂) ရပ်ကွက် (၃၄)လမ်းသို့ ကွင်းဆင်း၍ ရပ်ကွက်အတွင်းရှိ ရေစည်၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေး မဖြစ်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေနန်းမေ