မိုင်းရှူး သြဂုတ် ၁၁
၂၀၁၉-၂၀၂၀ပညာသင်နှစ်၊တက္ကသိုလ် ဝင်တန်းအောင်ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီက မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်း ထွဋ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းအေး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်နန်းကောင်ခမ်းနှင့်ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သန်း တို့က ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန် အောင်မြင်သော ကျောင်းသား /ကျောင်းသူ မ်ားအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဂုဏ္ထူးရရှိပြီး ထူးချွန်ထက်မြက်အောင် သင်ကြားပေးသော ဆရာ/ဆရာမမ်ားအား ဂုဏ်ပြု ချီးမြှင့်ခြင်းအားဖြင့် နောင်လာမည့် တက္ကသိုလ်ဝင်တန်း စာမေး ပွဲဝင်ရောက် ဖြေဆိုမည့်ကျောင်းသား/ကျောင်းသူများမှ အားက်အတုယူပြီး ကြိုးစား အားထုတ်လိုစိတ်များ ပိုမို ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ရည်ရွယ်ကြောင်း၊ ယခုနှစ်တွင် အောင်မြင်သည့်ကျောင်းသား/ ကျောင်းသူများအနေဖြင့် နောင်တွင် မိမိမြို့နယ်ကို အကျိုးပြုသည့် သားကောင်း/ သမီးကောင်းများ ဖြစ်လာရေးအတွက် ဆက်လက် အားထုတ်ကြိုးပမ်းစေလိုကြောင်း ပြောကြားသည်။
ထို့နောက်တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဂုဏ်ထူး(၄)ဘာသာရရှိ သည့် မနန်းဆိုင်စစ်နှင့် ဂုဏ်ထူး(၁)ဘာသာ ရရှိသည့်ကျောင်းသား/ကျောင်းသူ(၆)ဦးတို့ အား ဂုဏ်ထူးတစ်ဘာသာလျင် တစ်သိန်း နှုန်းဖြင့် လည်းကောင်း၊ ဂုဏ်ထူးရရှိပြီး ထူး ချွန်ထက်မြက်အောင် သင်ကြားပေးသည့် ဆရာ/မ(၆)ဦးတို့အား တစ်ဦးလျှင် ခြောက် သောင်းနှုန်းဖြင့်လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ အသီးသီး ချီးမြှင့် ကြသည်။
ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို (၃၉၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၈၁)ဦး အောင်မြင်ခဲ့ပြီး (၄)ဘာသာ ဂုဏ်ထူးရ(၁)ဦး၊ ဇီဝေဗဒ ဘာသာဂုဏ်ထူးရ(၄)ဦး၊သင်္ချာဘာသာ ဂုဏ်ထူးရ(၁)ဦး၊ ပထဝီဘာသာဂုဏ်ထူးရ (၁)ဦးတို့ ပါဝင်ခဲ့ကြောင်း သိရပြီး ယနေ့ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကျင်းပပြုလုပ်သည့် ပထမအကြိမ် ဂုဏ်ပြုအခမ်း အနား ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)