ဆီဆိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ၁၇.၈၉ ရာခိုင်နှုန်းအောင်မြင်

ဆီဆိုင်  သြဂုတ် ၁၁

၂၀၂၀ ပြည့်နှစ်၊ မတ်လက ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို မြန်မာ တစ်နိုင်ငံ လုံးတွင် ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်များ မှ တစ်ဆင့် သြဂုတ် ၉ ရက် နံနက် (ဝဝး၃၀)နာရီက ထုတ်ပြန် ကြေညာခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ်တွင် (၁၇.၈၉) ရာခိုင်နှုန်းအောင်မြင် ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာစစ်ဌာန(၄)ခုရှိပြီး စာမေးပွဲဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၁၄၂၅)ဦး၊ ဖြေဆိုအောင်မြင်သူဦးရေ (၂၅၅)ဦးရှိရာ (၅)ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂၈) ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင်(၃၅)ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)