မိုးညှင်း ဩဂုတ် ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ ၈ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project -VRFP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးက အမှာစကား ပြောကြားပြီး ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား ကာ စီမံကိန်းကျေးရွာများဖြစ်သည့် (အိမ်ခြေ၁၀၁နှင့်ထက်) ကျေးရွာများဖြစ်သည့် မြိုင်သာယာ၊ မိုင်းနောင်၊ ငါးမိုင်၊ ခုနှစ်မိုင်ကျေးရွာကို VRFPရန်ပုံငွေ ကျပ်သန်း၃၀၀ စီကိုလည်းကောင်း၊ (အိမ်ခြေ ၅၁ နှင့် ၁၀၀ ကြား)ကျေးရွာ များဖြစ်သည့် မြင်သာ၊ မော်ဟဲ၊ ကျွန်းပင်သာ၊ နားမားကြီး စသည့် ကျေးရွာများကို VRFPရန်ပုံငွေ ကျပ်သန်း ၂၀၀ စီကိုလည်ကောင်း၊ တာဝန်ရှိသူများက ကျေးရွာတစ်ရွာခြင်းအလိုက် ပေးအပ်ခဲ့ကြသည်။
ယခုပေးအပ်သည့် VRFP ရန်ပုံငွေကို ကျေးရွာရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီ၏ စီမံမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကျေးရွာကုန်ထုတ်လုပ်ငန်း၊ အသေးစား ရောင်းဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး၊ ခရိုင် (ပြန်/ဆက်)