မိုင်းရှူး ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပေါ် အခြေခံပညာကျောင်းများရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများထံအခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များတွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ မုံရွာဝင်းဖေရေးသားသော ကမ္ဘာ့ရန်သူ ဘိန်းဖြူ(ကဗျာ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ သူရမိုး၏အသိပညာပေးကာတွန်းများ ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ကျောင်းသား/ ကျောင်းသူများနှင့် ပြည်သူများအား မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်(၂၄၀)စောင်အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)