ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ပင်လုံ  ဇွန်  ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် လွိုင်လင်မြို့နယ် စည်သာယာရေးဌာန၊ ပင်လုံမြို့ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များပူးပေါင်း၍ နှာခေါင်း စည်း (Mask) (၅၀၀၀)ခု အခမဲ့ ဖြန့်ဝေခြင်းအား ယနေ့ နံနက်(၇) အချိန်က ပင်လုံမြို့မဈေး နှင့် ဈေးအနီး၌ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်မှုအား လွိုင်လင်မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ပင်လုံမြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များက လူစည်ကားသည့် ပင်လုံမြို့ဈေးအတွင်းနှင့် ဈေးပတ်ဝန်းကျင်ရှိ ဈေးသည် ဈေးဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)