အမ်းမြို့နယ်၌ လူသရမ်ဝေါလ်ဖက်ဒရေးရှင်း-မြန်မာမှ ဝင်ငွေနည်းပါးသော အိမ်ထောင်စု (၂၄၆) စုအား စားနပ်ရိက္ခာဖြန့်ဝေ

အမ်း ဇွန်၂၃

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ လူသရမ်ဝေါလ်ဖက်ဒရေးရှင်း-မြန်မာမှ မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု(၄)အုပ်စုမှ စီမံကိန်းကျေးရွာ(၂၉)ရွာရှိ ဝင်ငွေနည်းပါးသော အိမ်ထောင်စု(၂၄၆)စုအား စားနပ်ရိက္ခာဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။

 

 

အဆိုပါ လူသရမ်ဝေါလ်ဖက်ဒရေးရှင်း- မြန်မာမှ အမ်းမြို့နယ်အတွင်းရှိ စခန်းမော်၊ တိုက်မော်၊ ဂါယ်လောင်း၊ လုံးကောက်ကျေးရွာအုပ်စုများမှ စီမံကိန်းကျေးရွာ(၂၉)ရွာရှိ ဝင်ငွေနည်းပါး သော အိမ်ထောင်စု(၂၄၆)စု၊ လူဦးရေ(၁၁၁၉)အတွက် တစ်အိမ်ထောင်လျှင် ဆန်(၂)အိတ်၊ ဆီ(၁)ပိသာ၊ ပဲ(၁)ပိသာ နှုန်းဖြင့် စုစုပေါင်း ဆန်(၄၉၂)အိတ်၊ ဆီ(၂၄၆)ပိသာ၊ ပဲ(၂၄၆)ပိသာအား စားနပ် ရိက္ခာဖြန့်ဝေပေးသွားမည်ဖြစ်ရာ လူသရမ်ဝေါလ်ဖက်ဒရေးရှင်း- မြန်မာမှ စီမံကိန်းညှိနိုင်း ရေးမှုး ဦးစန်းဌေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က စခန်းမော်ကျေးရွာအုပ်စုရှိ ကျေးရွာ(၉)ရွာ အတွက် ဆန်(၁၅၂)အိတ်၊ ဆီ(၇၆)ပိသာ၊ ပဲ(၇၆)ပိသာအား စခန်းမော်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။

 

 

ဆက်လက်၍ တိုက်မော်၊ ဂါယ်လောင်း၊ လုံးကောက်ကျေးရွာအုပ်စုများသို့လည်း ဆန်၊ ဆီ၊ ပဲ စားနပ်ရိက္ခာဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

 

 

စိုးမင်းထွန်း