ဥတ္တရသီရိ ဩဂုတ် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပသည်။
အစည်းအဝးတွင် ဥတ္တရသီရိမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးနိုင်ဦး (မြို့နယ်အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ မြန်မာ့ လူ့အဖွဲ့အစည်းကို လွတ်လပ်မှု (freedom) ဖွံ့ဖြိုးတိုးတက်မှု (Development)နှင့် ကြွယ်ဝချမ်းသာမှု (Proseperity)ဆိုသည့် အခြေခံတန်ဖိုးများဖြင့် ဖန်တီးတည်ဆောက်လျက်ရှိရာ၊ အနာဂတ် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်များ၏ စွမ်းအားကို မြှင့်တင်အားပေး ဆောင်ရွက် ကြရမှာဖြစ်ကြောင်း ပြောကြားပြီးနောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်သန်း (ဒုတိယဦးစီးမှူး၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန) က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးသူငယ်ဥပဒေအကြောင်းအရာများနှင့် ကလေး သူငယ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များမှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်မည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြရာ ကော်မတီ ဥက္ကဋ္ဌ ဦးနိုင်ဦး (မြို့နယ်အုပ်ချုပ်ရေးမှူး)က ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားရမည့် အခြေအနေများကို ဖြည့်စွက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)