မိုင်းဖြတ် သြဂုတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာ ရင်းများကို ယမန်နေ့နံနက် ၉နာရီ က အထက(မိုင်းဖြတ်)၌ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ထိုသို့ ထုတ်ပြန်ကြေညာရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် လေးနေရာခွဲ၍ ကပ်ထားကြေညာခဲ့သည်။ မိုင်းဖြတ်မြို့နယ်၌ ၂၀၂၀ ခုနှစ်၊ မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (မိုင်းဖြတ်) စာစစ်ဌာနတစ်ခုဖြင့် ကျင်းပဖြေဆိုခဲ့ပြီး အထက(မိုင်းဖြတ်)မှ ၁၁၂ဦး၊ အထက(ဟိုနား)မှ ၃၄ဦး၊ အလွတ်ဖြေ ၁၁၁ ဦး စုစုပေါင်း ကျောင်းသား/သူ ၂၅၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၀.၄၉ ရာခိုင်နှုန်း ရှိသည်။
အဆိုပါ ဖြေဆိုခဲ့သော ကျောင်းသား/သူ ၂၅၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၀ ရက်နေ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာချက်အရ ကျောင်းသား ၁၅ဦး၊ ကျောင်သူ ၂၃ ဦး စုစုပေါင်း ၃၈ ဦး အောင်မြင်ခဲ့ပြီး မြန်မာစာဂုဏ်ထူးရ ကျောင်းသူ ၁ ဦး၊ ပထဝီဝင် ဂုဏ်ထူးရကျောင်းသား ၁ဦးတို့ ထူးချွန်အောင်မြင်ခဲ့သည်။ မြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၁၅ ရာခိုင်နှုန်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)