ကျောက်တံတား ဇွန် ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်းခေတ်မီ စာကြည့်တိုက်ရှေ့ နံရံကပ်ဘုတ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ကို အများပြည်သူများ ကြည့်ရှုနိုင်ရန် အတွက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ပြသထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများသိရှိရှောင်ရှားနိုင်ရန်အတွက် မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ခံစားရမည့် လူမှုရေးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ သွင်ပြင် လက္ခဏာများအကြောင်း စသည့်ဖြင့် ရေးသားဖော်ပြထားကြောင်း သိရသည်။