လင်းခေး ဇွန် ၂၃
၂၀၂၁ခုနှစ် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈နာရီက လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိကြီးကြပ်မှုဖြင့် ခရိုင်ရုံး ဝန်ထမ်းများက လင်းခေးမြို့ရှိဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်းများ၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်ရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး လုပ်ငန်းများ အကြောင်းနှင့် မူးယစ်ဆေးစွဲသူဖေးမကူ အသိပညာပေးစာစောင်များနှင့် မုံရွာဝင်းဖေ ရေးသားသော မူးယစ်ဆေးဝါးအန္တရာယ်ပညာပေး “ကမ္ဘာ့ရန်သူ ဘိန်းဖြူ” ကဗျာ နှင့်“မူးယစ်အန္တရာယ်လူ့ရန်စွယ်”၊ “အနာဂတ်ပန်းများပွင့်လန်းဖို့၊ မူးယစ်အန္တရာယ်ကာကွယ်စို့” စသည့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး သတင်းစကားစာစောင်များ ဖော်ပြပါရှိသော လက်ကမ်းစာစောင် စုစုပေါင်း(၂၇၅)စောင်အား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)