မိုးကုတ် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပြန်လည် မြင့်မားလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး မြို့အဝင်စစ်ဆေးရေးဂိတ်များ ဇွန် ၂၂ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ်စစ်ဆေးနေကြောင်း သိရသည်။
မိုးကုတ်မြို့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအတွက် အင်းဂေါင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ရေးဂိတ်၊ ပန်းမထိပ် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်နှင့် ရှုခင်းသာစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိကာ အများပြည်သူကျန်းမာရေးအတွက် ကိုဗစ်-၁၉ ရောဂါကျန်းမာရေး စစ်ဆေးရေးဂိတ်များမှ စစ်ဆေးမှုအား ကြည်ဖြူစွာလိုက်နာကြပါရန်နှင့် Mask တပ်စေခြင်း၊ လက်ဆေးဇလုံများတွင် လက်ဆေးစေခြင်း၊ Hand Gel ဖြင့် လက်သန့်စင်ခြင်း၊ အပူချိန် တိုင်းတာခြင်းစသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်များကို အထူး အလေးထားလိုက်နာကြစေရန် ဗီနိုင်း၊ ပိုစတာများကပ်ပေးထားခြင်းများအား ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့စည်းများဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနထံက သိရသည်။
ကိုထိန်၊KPD