လင်းခေးတွင် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ

လင်းခေး ဇွန် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူး၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့ မွန်းလွဲ ၄ နာရီက လင်းခေးမြို့၊ ပုန်းထွန်ကျေးရွာအုပ်စု စိုက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးပွဲ မစတင်မီ စစ်ဗျူဟာအဖွဲ့၊ (အခြေချ)(လင်းခေး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသန့်ထင်စိုး၊ လင်းခေးခရိုင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ပျိုးပင်များကို တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့ကြသည်။ ယင်းနောက်တက်ရောက်လာကြသူများအားလုံးက သစ်ပင်များကို အတူတကွ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။ 

စိုက်ပျိုးပွဲတော်၌ မဲဇလီ(၃၀၀)ပင်၊ ရေသင်းဝင်(၁၀၀)ပင်၊ တမာ(၁၀)ပင်နှင့် နံ့သာနီပင်(၈)ပင် စုစုပေါင်းပျိုးပင်(၄၁၈)ပင် ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)