နေပြည်တော် ဇွန် ၂၂
နေပြည်တော်ကောင်စီ Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က နေပြည်တော် အတွင်းရှိ COVID-19ရောဂါ ပိုးတွေ့လူနာများကို သတ်မှတ်ထားသည့်ဆေးရုံများတွင် စနစ်တကျ ထားရှိဆောင်ရွက်ရန်လိုအပ်ကြောင်း၊ COVID-19ရောဂါ ပိုးတွေ့ရှိသူနှင့်ထိတွေခဲ့သော Contact Person များကို သတ်မှတ်ထားသည့် နေရာများတွင် အသွားအလာကန့်သတ် ဆောင်ရွက်ရန်၊ Quarantine Centre များကိုလည်း အဆင်သင့်အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိရန် လိုအပ်ကြောင်း၊ နေပြည်တော်မြို့အဝင်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုကို ကြပ်ကြပ် မတ်မတ် စစ်ဆေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီ COVID-19 ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)