ကျောက်ဖြူ ဇွန် ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ဇွန်လ ၂၁ ရက်မှစတင်၍ ပင်စင်လစာငွေများကို နေ့အလိုက်ပုံမှန်ထုတ်ပေးလှက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးလျှက်ရှိရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများအနေဖြင့်လည်း ပင်စင်လစာငွေများ ထုတ်ယူရာ၌ အဆင်ပြေချောမွေ့ကာ အခက်အခဲများမဖြစ်ပေါ်စေရန် ဇွန်လ ၂၁ ရက်နေ့မှစတင်၍ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ထုတ်ပေးလျက်ရှိသည်။ ယင်းနောက် သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို ဇူလိုင်လ ဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးမည်ဖြစ်သည်။
ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လာရောက်ထုတ်ယူသူ ၂၅၀၀ ကျော်ရှိပြီး ဇွန်လ ၂၁ ရက်နေ့တွင် လာရောက်ထုတ်ယူသူ ၅၀၀ ကျော်အား ထုတ်ပေးထားပြီး ဖြစ်ကာ ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ပင်စင်လာရာက်ထုတ်ယူသူများကိုလည်း ပင်စင်လစာငွေများ ကို ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း