သာကေတ ဇွန် ၂၂
၂၀၂၁ ခုနှစ် နိကာယ်စာမေးပွဲကို သာကေတမြို့နယ် စာဖြေဌာနအတွက် ဇိနမာရ်အောင်စေတီတော်ဝင်း အတွင်းရှိ ဝိမုတ္တိရ သဓမ္မဗိမာန်တော်အတွင်း၌ ဇွန်လ(၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ မွန်းလွဲ(၁)နာရီမှ ညနေ(၅)နာရီအထိ (၅)ရက်တိုင် ကျင်းပလျက်ရှိသည်။
အဆိုပါ နိကာယ်စာမေးပွဲဖြေဆိုရာတွင် ဇွန်လ(၂၁)ရက်နေ့တွင် အုပ်စု(၁)ပါရာဇိကပါဠိ၊ အုပ်စု (၂) သီလက္ခန္ဓပါဠိ၊ အုပ်စု(၅)အင်္ဂုတ္တရပါဠိ (ဧကတမှစတုတ္တနိပါတ ထိ)၊အုပ်စု(၈)ဓမ္မသင်္ဂနီပါဠိ၊ ဇွန်လ (၂၂)ရက်နေ့တွင် အုပ်စု(၁)ပါစိတ္တိယပါဠိ၊ ဇွန်လ(၂၃)ရက်နေ့တွင် အုပ်စု(၁)မဟာဝဂ္ဂပါဠိ(ဝိနည်း)၊ အုပ်စု(၂)မဟာဝဂ္ဂပါဠိ(သုတ်)အုပ်စု (၅)အင်္ဂုတ္တရပါဠိ (ပဉ္စကမှသတ္တကနိ ပါတပါဠိထိ)၊ အုပ်စု(၈) ဝိဘင်္ဂပါဠိ၊ ဇွန်(၂၄)ရက်နေ့တွင် အုပ်စု(၁)စူဠဝဂ္ဂပါဠိ၊ ဇွန်လ(၂၅)ရက်နေ့တွင် အုပ်စု(၁)ပရိဝါပါဠိ၊ အုပ်စု(၂)ပါတိကဝဂ္ဂပါဠိ၊ အုပ်စု(၅)အင်္ဂုတ္တရပါဠိ (အဋ္ဌကမှဧကာဒသကနိပါတပါဠိထိ) တို့ကို သာကေတ မြို့နယ်အတွင်းရှိ သံဃာတော်(၉၆)ပါး ဝင်ရောက်ဖြေဆိုကြပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ အောင်မော်စံ ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တသောဘနနှင့် သာကေတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန ဦးစီးမှူး ဦးသန်းဦးတို့မှ အနီးကပ်ကြီးကြပ်ခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ