ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးအောင်သန်းဦး ရေကြီးရေလျှံမှုများကို သွားရောက်ကြည့်ရူစစ်ဆေး

ရန်ကုန် ဇွန် ၂၁ 

ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးအောင်သန်းဦးသည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် လှည်းကူးမြို့နယ်များတွင် ရေကြီးရေလျှံမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ကောင်စီအဖွဲ့ဝင် ဦးအောင်သန်းဦးနှင့် တာဝန်ရှိသူများသည် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ငမိုးရိပ် ရေထိန်းတံခါးမှ ဗေဒါပင်များနှင့် အမှိုက်များ ပိတ်ဆို့နေမှုများကို တိုင်းဒေသကြီး ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများမှ ဆယ်ယူရှင်းလင်းနေမှုများ၊ လှည်းကူးမြို့နယ်၊ အမှတ် (၇) လမ်းမကြီး ရေနစ်မြုပ်ပြီး ရေကြီးရေလျှံမှုများကြောင့် လမ်းမကြီးဘေးရှိ မတ်လစ်ကျေးရွာ အတွင်းနှင့် ဆင်ဖုံကျေးရွာရှိ ဘားလားချောင်း ရေကြီးရေလျှံမှုများကြောင့် ကျေးရွာများအတွင်း ရေဝင်ရောက်မှုမရှိစေရေး ကြည့်ရှုစစ်ဆေးသည်။

စစ်ဆေးကြည့်ရှုမှုများကို တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ အဖွဲ့ဝင် ဦးအောင်သန်းဦးက ငမိုးရိပ်ရေထိန်း တံခါးအောက်ရှိ နှုန်းတင်မြေများပြန် လည်တူးဖော်ရန်၊ အမှတ် (၇)လမ်းမ ကြီးဘေးဝဲယာရေမြောင်းများ ပြန်လည်တူးဖော်ရန်၊ ဇေကမ္ဘာ့ဥယျာဉ်မြို့တော်အနီးရှိ ဘားလားချောင်းတို့ကို မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းများ ရေနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်နှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး