ဟိုပုံး သြဂုတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်များ၏ မဲစာရင်းများကို သက်ဆိုင်ရာရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာ ပေးလျက်ရှိသည်။
ဆက်လက်၍ မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံ မှန်ကန်စေရေးအတွက် (၇)ရက်ထပ်မံတိုးမြှင့် ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ မိမိအမည်မဲစာရင်းတွင် ပါရှိမှသာ ဆန္ဒမဲပေးခွင့် ရရှိမည်ဖြစ်ရာ ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များ က လူစည်ကားရာ ကားဂိတ်၊ ဈေး၊ လမ်းသွားလမ်းလာပြည်သူ မဲဆန္ဒရှင်များအား အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး၊ မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှု စစ်ဆေးပေးနိုင်ရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)