တန့်ယန်း ဇွန် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ပါးစပ်နှင့်နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၈ နာရီ က ဆောင်ရွက်ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် စျေးဝန်ထမ်းများ၊ မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီး ထိန်းချုပ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို မြို့နယ် စည်ပင်သာယာစျေးရှေ့နှင့် စျေးအတွင်း၌လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရုံးရှေ့ ဗိုလ်ချုပ်လမ်း၌ လည်းကောင်း Mask (၁၀၀၀)ခုကို စျေးရောင်းချနေသူများနှင့် ပြည်သူများအားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)