မိတ္ထီလာ ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၁ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ နိကာယ်စာမေးပွဲတွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်များရှိ စာသင်တိုက်များမှ သံဃာတော်များနှင့် သီလရှင်များ ဝင်ရောက်ဖြေဆိုခဲ့ရာ သံဃာတော် ၅၂၄ ပါးနှင့် သီလရှင် ၅၅ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။၎င်း နိကာယ်စာမေးပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းနိကာယ်စာမေးပွဲကို ဇွန်လ ၂၁ ရက်နေ့ ၂၅ ရက်နေ့အထိ နေ့လည် ၁ နာရီမှ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးသိန်းမြင့်ကျော်(ခရိုင်၊ပြန်/ဆက်)