မန္တလေး ဇွန် ၂၂
စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ စာပေရေးသားနည်း(ပေါင်းချုပ်) စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီ က မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းအား ကျင်းပရာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း၊ ဦးစိုးမောင်မောင်၊ ဒေါ်စန္ဒာဝင်း၊ဒေါ်စန္ဒာအေးအောင်နှင့်ဒေါ်နန်းကေ တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးနည်း၊စာတမ်းရေးနည်းအခြေခံ၊ဆောင်းပါးရှင်ဖြစ်လိုသူသို့၊ စကား အလှ၊ စာရေးလိုသော်၊ ဝတ္ထုရေးလိုသူများ၊ပရိတ်သတ်ဆွဲဆောင်နည်း စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။