ရွှေပြည်သာမြို့နယ်တွင် ၂၀၁၉-၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၂၉.၉၆)ရာခိုင်နှုန်း အောင်မြင်

ရွှေပြည်သာ  ဩဂုတ်  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်စာမေးပွဲ တွင် ရွှေပြည်သာမြို့နယ်မှကျောင်းသား/ကျောင်းသူ ၆၀၃၉ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၁၈၀၉ ဦးအောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း မှာ ၂၉.၉၆ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ရွှေပြည်သာမြို့နယ်တွင် စာစစ်ဌာန(၈)ခုမှထူးချွန်စွာဖြင့် (၆)ဘာသာဂုဏ်ထူးဖြင့်(၃)ဦး(၅) ဘာသာ ဂုဏ်ထူးဖြင့် (၁၀)(၄)ဘာသာ ဂုဏ်ထူးဖြင့် (၂၀)ဦး(၃)ဘာသာဂုဏ်ထူး(၃၆)ဦး(၂)ဘာသာ ဂုဏ်ထူးဖြင့် (၉၃)ဦး (၁)ဘာသာဂုဏ်ထူး(၂၆၂)ဦး တို့ဖြင့်ထူးချွန်စွာ အောင်ခဲ့ကြ ကြောင်း သိရ သည်။

နေမျိုးထွန်း(ရွှေပြည်သာ)