မြို့နယ်မီးသတ်စခန်းတွင် တပ်ဖွဲ့ဝင်မိသားစုများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

အောင်မြေသာစံ ဇွန် ၂၂

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် မီးသတ်စခန်းတွင် တပ်ဖွဲ့ဝင်မိသားစုများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ည၇နာရီက ၁၉လမ်းနှင့်ကမ်းနားလမ်းထောင့်ရှိ မြို့နယ်မီးသတ်စခန်း အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်က ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဇနီးဒေါ်စန်းစန်းနွယ်တို့က တပ်ဖွဲ့ဝင်များ၏ သားသမီး(၁၀)ဦး တို့အား ပညာသင် ထောက်ပံ့ကြေးနှင့် ကျောင်းသုံးဗလာစာအုပ်များကိုပေးအပ်ကြသည်။

ဆက်လက်၍ ဦးစီးမှူးနှင့်ဇနီးတို့က တပ်ဖွဲ့ဝင်မိသားစုများဖြစ်သော အိမ်ထောင်စု(၂၆)စုအတွက် အိမ်ထောင်စုတစ်စုလျင် ဆန်(၂) ပြည်၊ ကြက်သွန်(၁) ပိဿာနှင့် ကြက်ဥ(၅)လုံးစီတို့ကိုလည်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)