လားရှိုး ဇွန် ၂၂
လားရှိုးမြို့ အမှတ်(၄)ရပ်ကွက်၌ ယမန်နေ့ ညနေ(၄)နာရီအချိန်ကစတင်ကာ ကူးစက်မြန် သန္ဓေပြောင်း ကိုဗစ်(၁၉) ရောဂါ ကာကွယ်ရေး ပိုးသတ်ဆေးပက်ဖြန်းခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်(၁၉) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးမြို့နယ်အဆင့်ကော်မတီ၏ လမ်းညွှန်မှုဖြင့် အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်နိုင်ဦးစီးလျက် ပရဟိတလူမှုကူညီရေး အသင်းများပါဝင်ကာ မန္တလေးလမ်း၊ ခိုင်ရွှေဝါလမ်း၊ ခိုင်ရွှေဝါလမ်းသွယ်၊ မဂ္ဂင်လမ်းသွယ်များပါဝင်လျက်၊ နယ်မြေ(၉/၁၀/၃)တို့ရှိ ကိုဗစ်(၁၉) ရောဂါ အတည်ပြု လူနာတွေ့ရှိခဲ့သောအိမ်များ၊ Home Quarantine ပြုလုပ်ထားသော အိမ်များအားလုံးနှင့်လမ်းများကို ပိုးသတ်ဆေး ပက်ဖြန်းခဲ့ကြသည်။
ရပ်ကွက်(၄) နယ်မြေ (၁၆) ရတနာပုံလမ်း၌Home Quarantine ပြုလုပ်ထားသောအိမ်မှ ပထမအကြိမ်စစ်ဆေးရာတွင် negative အဖြေထွက်ရှိခဲ့ပြီး ဆက်လက် စောင့်ကြည့် ထားရှိခဲ့ရာမှ အိမ်ရှင် အမျိုးသားမှာယမန်နေ့ နံနက်(၇) နာရီအချိန်ခန့်က သေဆုံးသွားခဲ့သောကြောင့် ကျန်းမာရေးဌာနက သွားရောက်စစ်ဆေးခဲ့ရာ ကိုဗစ်(၁၉) အတည်ပြု တွေ့ရှိခဲ့ပြီး ဇနီးနှင့် ကလေးအားစစ်ဆေးရာ၌ ဇနီးတွင်လည်း ကိုဗစ်(၁၉) ရောဂါ positive တွေ့ရှိကြောင်းသိရှိရသည်။
လားရှိုးမြို့တွင်ဇွန်လ(၂၁)ရက် နေ့အထိ ကိုဗစ်(၁၉) ရောဂါအတည်ပြုသူ (၁၅၂)ဦးတွေ့ရှိရကြောင်းလည်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)